Q:
A:
MACCS စနစ်ကိုစတင်အသုံးပြုမည်ဆိုပါက မည်သို့ register ပြုလုပ် ဆောင်ရွက် ရမည်နည်း။
MACCS စနစ်ကိုစတင်အသုံးပြုမည်ဆိုပါက ပထမဦးစွာ Customs Website တွင် User Application Form (Excel File Format) ကို Download ရယူရမည်ဖြစ်ပါသည်။ ပြီးလျှင် Application Form တွင်ပါဝင်သော အချက်အလက်များကို ပြည့်စုံစွာဖြည့်စွက်၍ Soft Copy ကို Memory Stick ဖြင့်ထည့်သွင်းပြီး MACCS ဌာနခွဲ User Registration Section တွင်လာရောက်၍ Register ပြုလုပ်ရမည်ဖြစ်ပါသည်။
Q:
A:
Air Cargo Agency Code ကို မည်သူများလျှောက်ထားနိုင်ပါသနည်း။
Air Cargo Agency Code ကို Air Cargoများကို ကိုင်တွယ်ဆောင်ရွက်ပေးသော ကုမ္ပဏီများသာလျှောက်ထားနိုင်ပါသည်။
Q:
A:
IE Code အသုံးပြု၍ မရလို့ပါ။
Company အား စီးကူးမှ Suspension လုပ်ထား၍ဖြစ်ပါသည်။
Q:
A:
User Registration ​ဆောင်ရွက်ရာတွင် ငွေကြေးမည်မျှ ကုန်ပါမည်နည်း။ကုန်ကျပါက မည်မျှဖြစ်ပါသနည်း။
User Registration ​ဆောင်ရွက်ရာတွင် Virus ကင်းစင်သည့် မိမိတို့ကိုယ်ပိုင် သီးသန့် 4G ပမာဏရှိ USB အသစ်တွင် Application Form (Softcopy) ထည့်သွင်းလာရပါမည်။ Client Certificate အတွက်သာ ကုန်ကျမည်ဖြစ်ပါသည်။
Q:
A:
User code နှင့် User ID တို့သည် မည်သည်တို့ကို ကိုယ်စားပြုသော code များဖြစ်သနည်း။
User code သည် ကုမ္ပဏီတစ်ခုချင်းစီ အတွက် ကိုယ်စားပြုသော code ဖြစ်ပြီး User ID သည် user တစ်ဦးချင်းစီ အတွက် ကိုယ်စားပြုသော code ဖြစ်ပါသည်။ User ID သည်ကုမ္ပဏီ (သို့) အဖွဲ့အစည်းရှိ MACCS system အားအသုံးပြုမည့် ဝန်ထမ်းတစ်ဦးချင်းစီအတွက် ကိုယ်စားပြုသော code ဖြစ်ပါသည်။

Pages