Q:
A:
သံရုံးဝန်ထမ်းများသည် MACCS System Userအဖြစ် လျှောက်ထားပါက မည်သည်များလိုအပ်ပါသနည်း။
အကောက်ခွန်ဦးစီးဌာနမှအသိအမှတ်ပြုထုတ်ပေးထားသော အဖြူရောင်ကဒ်ရရှိထား သည့် သံရုံးဝန်ထမ်းများသာ Declarantအဖြစ်လျှောက်ထားနိုင်ပြီး မိမိအဖွဲ့အစည်း၏ ကြေငြာလွှာများအတွက်သာ ဆောင်ရွက်ခွင့်ရှိပါသည်။
Q:
A:
ကုမ္ပဏီဝန်ထမ်းသည် Userအဖြစ်လျှောက်ထားပြီးမှ အလုပ်မလုပ် တော့ပါက အကြောင်းကြားရန်လိုအပ်ပါသလား။ မည်သည့်ဌာနကို အကြောင်းကြားရမည်နည်း။
မဖြစ်မနေ အကြောင်းကြားရန်လိုအပ်ပါသည်။ User Registration ထံ အကြောင်းကြား ရမည်ဖြစ်ပါသည်။
Q:
A:
Application Formများကို ဘယ်လိုရယူရမည်နည်း။
Website ကနေdownloadလုပ်ပြီး ရယူနိုင်ပါသည်။ (Myanmar customs website ၏ Home page ပေါ်တွင် download ရယူနိုင်ပါသည်။)
Q:
A:
Client Certificate အတွက် တစ်နှစ်လျှင် ဘယ်လောက်ကုန်ကျမည် နည်း။
Private User များအတွက် အသစ်ဝယ်ယူလျှင် တစ်နှစ်အတွက် ၄၀၀၀၀ ကျပ်ကုန်ကျမည် ဖြစ်ပြီး သက်တမ်းတိုးပါက တစ်နှစ်လျှင် ၂၀၀၀၀ ကျပ်ကုန်ကျမည်ဖြစ်ပါသည်။(ဒေါ်လာစျေးကြောင့် စျေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။)
Q:
A:
Application Formရှိ Statistic Report Informationဇယားတွင် မည်သို့ ရွေးချယ်ရမည်နည်း။
Statistic Report Information ဇယားတွင် Statistic Report Name အလိုက် ကြည့်ရှုခွင့် ရှိသောUserများအား “Y”ဟုဖော်ပြထားပါသည်။ ထိုStatistic Report Nameအလိုက် မိမိအခြေအနေသည် “Y”ဖြစ်နေပါက Statistic Report Informationရှိ Necessity အကွက်တွင် မိမိလိုအပ်ပါက “Y”ဟု ရွေးချယ်ပေးရပါမည်။

Pages