Q:
A:
User code နှင့် User ID တို့သည် မည်သည်တို့ကို ကိုယ်စားပြုသော code များဖြစ်သနည်း။
User code သည် ကုမ္ပဏီတစ်ခုချင်းစီ အတွက် ကိုယ်စားပြုသော code ဖြစ်ပြီး User ID သည် user တစ်ဦးချင်းစီ အတွက် ကိုယ်စားပြုသော code ဖြစ်ပါသည်။ User ID သည်ကုမ္ပဏီ (သို့) အဖွဲ့အစည်းရှိ MACCS system အားအသုံးပြုမည့် ဝန်ထမ်းတစ်ဦးချင်းစီအတွက် ကိုယ်စားပြုသော code ဖြစ်ပါသည်။
Q:
A:
User Registration လာလျှောက်လျှင် အချက်အလက်များပြည့်စုံ ပါက Terminal Softwareများနှင့် မည်သည့်အချက်အလက်များကို ထုတ်ပေးပါသနည်း။ ချက်ချင်းထုတ်ယူ နိုင်ပါသလား။
User Registration လာလျှောက်လျှင် အချက်အလက်များ ပြည့်စုံပါက User Code, User ID, User Password, Terminal ID, Terminal Access Key များကို PDF ဖိုင်ဖြင့်ထုတ် ပေးပြီး Terminal Softwareများကို CD ဖြင့်ထုတ်ပေးမည်ဖြစ်ပါသည်။
Q:
A:
User ID ကိုပိတ်ထားပါက System ထဲက Service တွေကို သုံးလို့ရပါသလား။
User ID ကို ပိတ်ထားပါ၍ System ထဲဝင်၍မရပါသောကြောင့် System ထဲက service တွေအကုန်သုံး၍ရမည်မဟုတ်ပါ။
Q:
A:
User Registrationတွင် လာရောက်လျှောက်ထားခဲ့သည့် Application Formအား ထိန်းသိမ်းထားရှိရန်လိုအပ်ပါသလား။
မဖြစ်မနေ ထိန်းသိမ်းထားရပါမည်။ လျှောက်ထားသည့် Userများနှင့် ၄င်းတို့၏အချက်အလက်များကို နောင်တချိန်တွင် ပြင်ဆင်ခြင်း၊အသစ်ထပ်ထည့်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်လိုပါက လိုအပ်မည်ဖြစ်ပါသည်။
Q:
A:
သံရုံးဝန်ထမ်းများသည် MACCS System Userအဖြစ် လျှောက်ထားပါက မည်သည်များလိုအပ်ပါသနည်း။
အကောက်ခွန်ဦးစီးဌာနမှအသိအမှတ်ပြုထုတ်ပေးထားသော အဖြူရောင်ကဒ်ရရှိထား သည့် သံရုံးဝန်ထမ်းများသာ Declarantအဖြစ်လျှောက်ထားနိုင်ပြီး မိမိအဖွဲ့အစည်း၏ ကြေငြာလွှာများအတွက်သာ ဆောင်ရွက်ခွင့်ရှိပါသည်။

Pages