Q:
A:
Request Form ဆိုသည်မှာ မည်သည့်ကိစ္စရပ် အတွက်အသုံး ပြုရသော Form ဖြစ်သနည်း။
Request Form ဆိုသည်မှာ HTK မရှိသော Importer / Exporter များအနေဖြင့် IE code (၁၃) လုံးကို ရယူရာတွင် ဖြည့်သွင်းရသော ပုံစံဖြစ်ပါသည်။
Q:
A:
တခါတရံမှသာ systemအားအသုံး ပြုမည့်သူများအတွက် Username, password , IE Codeများကို မည်သို့ဆောင်ရွက်ရမည်နည်း။ (Personnal Effectsတင်သွင်းသူများ)
Personal Effect တင်သွင်းသူများအနေဖြင့် Username, password , IE Code များရယူရန် မလိုအပ်ပါ။MACCS User (အဝါကတ်) ငှားရမ်းဆောင်ရွက်ရမည် ဖြစ်ပါသည်။
Q:
A:
EURO & ASIA COMPANY က Declaration ကိုတင်ရာတွင် importer/exporter code တွင် Error တတ်နေပါတယ်။ Declaration တင်လို့မရလို့ပါ။
User Registration တွင် စီးပွားကူးသန်း (MOC)မှ အဆိုပါ Importer/Exporter Code ကို ပိတ်ပေးရန် အကြာင်းကြားထားလို့ Declaration တင်မရခြင်းဖြစ်ပါသည်။
Q:
A:
"MITT မှ warehouse user code ထပ်လျှောက်ချင်ပါသည်။မည်သို့ဆောင်ရွက်ရမည်နည်း။ "
ယခင်လျှောက်ထားသောစာရွက်စာတမ်းများနှင့် မိမိထပ်လျှောက်ချင်သောသူ၏အချက်အလက်များယူဆောင်၍ MACCS ဌာနခွဲ user registration section သို့လာရောက်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
Q:
A:
User registration တွင် Register ပြုလုပ်ထားပြီးသော မိမိ၏ အချက်အလက်များအား ပြင်ဆင်ဖြည့်စွက်လို ပါကမည်သို့ဆောင် ရွက်ရမည်နည်း။
User မှအကောက်ခွန်သို့ လူကိုယ်တိုင်လာရောက်အကြောင်းကြားရမည်။ မိမိအချက်အလက်များအား ပြင်ဆင်လိုပါက ယခင်ဖြည့်သွင်းခဲ့သော Application Form တွင်ပြန်လည်ပြင်ဆင် ဖြည့်သွင်း၍ User Registration Section သို့ လာရောက်လျှောက်ထားရပါမည်။ User code ပြန်လည်တင်ပြရန် လိုအပ်ပါသည်။

Pages