Q:
A:
MACCS စနစ်ကို အသုံးပြုသော Private Userများအနေဖြင့် User password မေ့လျော့ သွားပါက မည်သို့ဆောင်ရွက်ရမည်နည်း။
MACCS စနစ်ကို အသုံးပြုသော Private User အနေဖြင့် User password မေ့လျော့သွားပါကအကောက်ခွန် MACCS ဌာနခွဲ User Registration Section သကုမ္ပဏီ Letter Head ဖြင့် လာရောက်လျှောက်ထားရန် လိုအပ်ပါသည်။
Q:
A:
MACCS စနစ်ကို အသုံးပြုသော User များအနေဖြင့် User password ပြောင်းလဲအသုံးပြုလိုပါက မည်သို့ဆောင်ရွက်ရမည်နည်း။
MACCS စနစ်ကို အသုံးပြုသော User များအနေဖြင့် User password ပြောင်းလဲအသုံးပြုလိုပါက User ကိုယ်တိုင် URY (Password change) service ကိုအသုံး ပြု၍ဆောင်ရွက်ရမည်ဖြစ်ပါသည်။
Q:
A:
သံရုံးဝန်ထမ်းများသည် MACCS System Userအဖြစ် လျှောက်ထားပါက မည်သည်များလိုအပ်ပါသနည်း။
အကောက်ခွန်ဦးစီးဌာနမှအသိအမှတ်ပြုထုတ်ပေးထားသော အဖြူရောင်ကဒ်ရရှိထား သည့် သံရုံးဝန်ထမ်းများသာ Declarantအဖြစ်လျှောက်ထားနိုင်ပြီး မိမိအဖွဲ့အစည်း၏ ကြေငြာလွှာများအတွက်သာ ဆောင်ရွက်ခွင့်ရှိပါသည်။
Q:
A:
User registration တွင် Register ပြုလုပ်ထားပြီးသော မိမိ၏ အချက်အလက်များအား ပြင်ဆင်ဖြည့်စွက်လို ပါကမည်သို့ဆောင် ရွက်ရမည်နည်း။
User မှအကောက်ခွန်သို့ လူကိုယ်တိုင်လာရောက်အကြောင်းကြားရမည်။ မိမိအချက်အလက်များအား ပြင်ဆင်လိုပါက ယခင်ဖြည့်သွင်းခဲ့သော Application Form တွင်ပြန်လည်ပြင်ဆင် ဖြည့်သွင်း၍ User Registration Section သို့ လာရောက်လျှောက်ထားရပါမည်။ User code ပြန်လည်တင်ပြရန် လိုအပ်ပါသည်။
Q:
A:
User Registration ​ဆောင်ရွက်ရာတွင် ငွေကြေးမည်မျှ ကုန်ပါမည်နည်း။ကုန်ကျပါက မည်မျှဖြစ်ပါသနည်း။
User Registration ​ဆောင်ရွက်ရာတွင် Virus ကင်းစင်သည့် မိမိတို့ကိုယ်ပိုင် သီးသန့် 4G ပမာဏရှိ USB အသစ်တွင် Application Form (Softcopy) ထည့်သွင်းလာရပါမည်။ Client Certificate အတွက်သာ ကုန်ကျမည်ဖြစ်ပါသည်။

Pages