Q:
A:
Permit ဆိုရင် license approval မှာ ဘာထည့်ပေးရမလဲ။
IPNS ကို ရိုက်ထည့်ပေးပါ။
Q:
A:
PKI /PKK Service ကို Import Sea In-bulk Cargo အတွက် သုံးလို့ရပါသလား။
ရပါသည်။ Import Sea In-bulk Cargo အတွက် PKI ကို Cargo အားလုံး ဆိပ်ကမ်းသို့ ချရာတွင် အသုံးပြုနိုင်ပါသည်။ PKK ကို B/L တစ်စောင်ချင်းစီအလိုက် ကုန်ပစ္စည်း ဆိပ်ကမ်းသို့ချသောအခါ အသုံးပြုနိုင်ပါသည်။
Q:
A:
IDA ဆောင်ရွက်ရာတွင် Customs station code ၌ မည်သည့်အချက်အလက်များကို ဖြည့်သွင်းရမည်နည်း။ Customs station code ကိုမည်ကဲ့သို့ရယူရမည်နည်း။
Customs station code ကို ကုန်ပစ္စည်းရောက်ရှိနေသည့် နေရာပေါ်မူတည်၍ System မှအလိုအလျောက် ဖော်ပြပေးမည်ဖြစ်ပါသည်။ Declarant မှလည်း ဖြည့်သွင်းနိုင်ပါသည်။
Q:
A:
Export တွင် container တစ်လုံးတည်းတွင် shipment နှစ်စောင် ဖြစ်ပါက vanning ကိစ္စအားမည်သို့ ဆောင်ရွက်ရမည်နည်း။
Export တွင် container တစ်လုံးတည်းတွင် shipment နှစ်စောင် ဖြစ်ပါက ပထမ shipment တစ်စောင်ကို ဦးစွာ VAN ပြုလုပ်ပြီး ဒုတိယ shipment ကို VAA service ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။မှတ်ချက်။ ။VAN ပြုလုပ်သူနှင့် VAA ပြုလုပ်သူ တူညီရမည် ဖြစ်ပါသည်။
Q:
A:
ACH ,PKG serviceပြုလုပ်ပြီးနောက် ကုန်ပစ္စည်း အမျိုးအမည်၊အ​​​​ရေအတွက်၊ အလေးချိန်များ မကိုက်ညီ၍ ပြင်ဆင်လိုပါက မည်သို့ပြုလုပ်နိုင်ပါသလဲ။
ပြင်ဆင်လိုပါက CPK (air cargo discharge check correction) service နှင့် CAW (manifest correction B) service များဖြင့် မိမိပြင်ဆင်လိုသည့် အချက်အလက်နှင့် ကိုက်ညီသော service ကိုရွေးချယ်၍ ပြင်ဆင်နိုင်ပါသည်။

Pages