OGA နှင့်သက်ဆိုင်သော Application After Release Order Procedure အကြောင်းရှင်းပြပေးပါ။
"IDA-->IDC-->CEA-->Release order -->IOA
(After Release Order ဖြင့် လျှောက်ထားခြင်းဖြစ်ပါက သွင်းကုန်ကြေငြာလွှာ တင်သွင်း သူသည် သွင်းကုန်ကြေငြာလွှာကို ဦးစွာတင်သွင်းရမည်။ တင်သွင်းသည့်သွင်းကုန်ကြေငြာလွှာအား System တွင် Setting ထားသော Selectivity Criteria အရ Green Channel, Yellow Channel, Red Channel သတ်မှတ်၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပြီး Release Order ထုတ်ပေးမည် ဖြစ်ပါသည်။ Release Order ရပါက Sample ကို Customs Seal ပိတ်၍ ထုတ်ယူပြီး ကျန်ပစ္စည်းများအား သက်ဆိုင်ရာကုန်လှောင်ရုံတွင် ထုတ်ယူခွင့်ပြုမည်ဖြစ်ပါသည်။ Sample ထုတ်ယူပြီး OGA သို့ ပေးပို့စစ်ဆေးရမည်ဖြစ်ပြီး OGA မှ Approval ကို MACCS System သို့လည်းကောင်း၊ လျှောက်ထားသူအားလည်းကောင်း ပေးပို့ပေးမည်ဖြစ်ပါသည်။ OGA Approval ရရှိမှသာ Customs သို့လျှောက်ထားပြီး Customs Seal ဖွင့်ခွင့်တောင်းရမည်ဖြစ်ပါသည်။) "