Q:
A:
Special Good Tax အတွက် Exemption Code for 1500CC အောက်အတွက်ဘာထည့်ရမလဲ။
"1500 CC နှင့် အောက်အတွက် Special Good Tax Examption/Reduction Code ထည့်ရန် အခြေအနေမှာ HS Code ပေါ်တွင် မူတည်သည်။ သာမန်အားဖြင့် 1500CCနှင့် အောက်ဆိုပါက Union Law အရ ကင်းလွတ်ခွင့်ရပြီး ဖြစ်၍ Examption/ Reduction Code ထည့်ရန် မလိုပါ။ 1500CC အထက်ဆိုပါက Examption/Reduction Code ထည့်ရန်လိုအပ်ပါသည်။ 1500CC နှင့်အောက်ဖြစ်သော်လည်း HS Code အခြေအနေအရ Examption/Reduction Code ထည့်ရန်လိုအပ်ပါက SGT Exemption အတွက် EXLS၊ Reduction အတွက် RXLS ဖြစ်ပါသည်။"
Q:
A:
Sea Direcrt Delivery ဖြစ်ပြီး Wharehouse Code ကို A1SSSS ထည့်ထားပါသည်။ MITT မှ Direct Delivery ထုတ်ယူမည်ဖြစ်သော်လည်း သင်္ဘောမှာ AIPT(A1Y003) သို့ ရွေ့ပြောင်းသွားသဖြင့် AIPT မှ Direct Delivery ဆောင်ရွက်လို့ရပါသလား။
System အရ Direct Delivery ထုတ်ယူမည့်ကိစ္စရပ်အတွက် Wharehouse Code မှာ A1SSSS သတ်မှတ်ထားသဖြင့် မည်သည့် ဆိပ်ကမ်းတွင်မှ ကုန်ပစ္စည်းမချပဲ သင်္ဘောပေါ်မှ တိုက်ရိုက် သယ်ထုတ်ရန် အဓိပ္ပာယ်ဖြစ်ပါသည်။ သို့ဖြစ်၍ အကောက်ခွန်ထိန်းချုပ်မှုနယ်မြေအတွင်း သင်္ဘောတည်ရှိရာ ဆိပ်ကမ်းတွင် သင်္ဘောပေါ်မှ တိုက်ရိုက်သယ်ဆောင်နိုင်ပြီး သယ်ဆောင်ခွင့်ပြုချက်အတွက် ကာ/ထုတ်သွင်း တို့ထံ ဖြစ်စဉ်ကိုတင်ပြဆောင်ရွက်နိုင်ပါသည်။.
Q:
A:
LCL Cargo ကို Service ၅ ခု မပြည့်ခင် တင်လို့ရပါသလား။
A ရွေးပြီး Customs warehouse တွင် A1W ရွေးပြီး Service 3ခုပြီ:ပါကတင်လို့ရပါသည်။
Q:
A:
B/L တစ်စောင်တွင် containar ၅လုံးပါလာ၍ တစ်လုံးကို CY ဆိပ်ကမ်းမှ Devanning လုပ်လိုက်၍ Decleration တင်ရာတွင် အခက်အခဲဖြစ်နေပါသည်။
shipping Line မှ B/L အသစ်ပြန်ထုတ်၍ SAD မှလိုင်းတိုး အနေနှင့် DO ထုတ်ပြီး လိုင်းတိုး 4ထောင်ဆောင်၍ ဆိပ်ကမ်းမှ CYB Service ဖြင့် စနစ်ထဲသို့ manual ပြန်ထည့်ရပါမည်။
Q:
A:
EDA စတင်ဆောင်ရွက်ချိန်တွင် Declaration No.ဖြည့်သွင်းရန် လိုအပ်ပါသလား။
မလိုအပ်ပါ။Systemမှ အလိုအလျောက်ပေးသွားမည်ဖြစ်ပါသည်။

Pages