Q:
A:
CMP ပစ္စည်းများအတွက်ID တင်ရာတွင် items 22 မျိုးမှာ CMP ပစ္စည်းဖြစ်ပြီး item 1 မျိုးမှာ CMP မဟုတ်ပါ။ CMP ပစ္စည်း22မျိုးအတွက် exemption ရပြီး CMP မဟုတ်သောပစ္စည်း1မျိုးအတွက် exemption မရပါ။ Advanced income tax မှာ ဘာဖြည့်ရမလဲ။
Advanced income tax မှာ Reduction code(RRMA) ကိုထည့်ပြီး Reduction Amount (CMP 22မျိုးအတွက်) ကိုထည့်ပေးရမည်။
Q:
A:
Category of cargo code မှားယွင်းဖြည့်သွင်းမိပါသည်။မည်သို့ဆောင်ရွက်ရမည်နည်း။
Category of cargo code သည် ပြန်ပြင်လို့မရသည့်အတွက် Declaration အား cancel ပြုလုပ်ရမည်ဖြစ်ပါသည်။
Q:
A:
AMC ဖြင့် short duty ဆောင်ရန် declaration တင်သွင်းပြီးဖြစ်ပါသည်။ Customs မှ မည်သို့ဆောင်ရွက်ရမည်မသိလို့ပါ။
Customs officer မှ CAM service တွင် Amended Declaration No. နှင့် Indication content တွင် ပြုလုပ်လိုသော အချက်ကို ရွေးချယ်၍ CAM ပြုလုပ်ရပါမည်။
Q:
A:
IDC တွင် warhouse code နေရာ၌ "A3W003" အစား "A3W001" ဟု မှားရိုက်မိပြီး ပြင်ဆင်၍ မရပါ။
"A3W003" အစား "A3W001" ပြင်၍ မရပါ။ Declaration cancel ပြုလုပ်ရပါမည်။
Q:
A:
Temporary Importation(TA) Import ဆောင်ရွက်ပုံအဆင့်ဆင့်ကိုမေးမြန်းပါသည်။
"Temporary Importation(TA) Import ဆောင်ရွက်ရာတွင် (၁) HYS(Procedure Type Code =A02 ရွေး) (၂) IDB->IDA တွင် − Type of Import= B:Temporary Admission ရွေး − Import Licence/Approval အကွက်မှာ TADC နှင့် Approval No.ထည့် (၃) Exemption/Reduction Code တွင် - AT အတွက် ETIA −CD အတွက် ETID −CT အတွက် ETIT ထည့် (၄) ကျန်တာ ပုံမှန် IDC Send "

Pages