Q:
A:
Export Direct Shipment တွင် Overside Loading လျှောက်ထားရာတွင် HYS service တွင် Procedure Type Code နှင့် EDA တွင် Licence Approval Type Code တို့အတွက် မည်သည့် Code ကိုအသုံးပြုရမည်နည်း။
Export Direct Shipment တွင် Overside Loading မှာ ထုတ်/သွင်း၏ လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုထားခြင်းမရှိသေးသဖြင့် MACCS တွင်လည်း ၎င်းနှင့်ပတ်သက်၍ သီးခြား code သတ်မှတ်ထားခြင်းမရှိသေးပါ။
Q:
A:
EDA တင်ရာတွင် R0037 error တက်နေပါသည်။
CDB ဖြည့်ရာတွင် ထည့်သွင်းခဲ့သော planned date of declaration သည် EDA တွင် ဖြည့်သွင်းထားသော estimated departure date ထက် ကြီးနေသောကြောင့် ဖြစ်ပါသည်။ ပြင်ဆင်ရန်နည်းလမ်းများမှာ (၁) CDD ဖြင့် planned date of declaration ကို ပြန်လည်ပြင်ဆင်ခြင်း၊ (၂) EDA ၏ Expected declaration date ကို ထည့်သွင်းပေးခြင်း< ထိုသို့ထည့်းသွင်းပေးပါက CDB တွင် ဖြည့်စွက်ခဲ့သော Date ကို Overwrite ပြုလုပ်သွားမည်ဖြစ်ပါသည်။>
Q:
A:
Export Amended Declaration ပြုလုပ်ရာတွင် 2% မဖြတ်ပါ။ 2% ဖြတ်လိုပါသည်။
Amended Declaration ၏2% နေရာ၏ After ဘက်ခြမ်းရှိ Amount အကွက်တွင် ဆောင်ရမည့် 2% ပမာဏကို (*) မခံဘဲ ထည့်ပေးရပါမည်။ (*) ပါနေပါက system မှ exemption တောင်းသည်ဟု ယူဆ၍ 2% မကောက်ဘဲ ရှိနေပါမည်။
Q:
A:
EDA ဆောင်ရွက်ရာတွင် Type of export code ၌ မည်သို့ဖြည့်သွင်းရမည်နည်း။
တင်ပို့မည့် ထုတ်ကုန်အမျိုးအစားပေါ်မူတည်၍ Type of export code ကို ရွေးချယ်နိုင်ပါသည်။ Type of export code ကို Combo Boxဖြင့်ဖော်ပြထားပါသည်။
Q:
A:
သင်္ဘောပြောင်းလျှောက်ချင်လို့ပါ။
EAA>> EAB>>EAC နဲ့လျှောက်ပါ။

Pages