ECR နှင့် Declarationတွင် အထုပ်အရေအတွက်မတူဖြစ်နေပါသည်။တူညီစွာ ထည့်ခဲ့ပါသည်။ VAN,VADများဆောင်ရွက်ခဲ့ပါသည်။Declaration သည် Formal ပြောင်း၍မရဖြစ်နေပါသည်။
VAN ပြုလုပ်ချိန်တွင် အထုပ်အရေအတွက်လိုအပ်လို့ VADဆောင်ရွက်သည့်အခါ Vanning Package တွင် အမှန်အတိုင်းထည့်ပြီး Number of Remainder တွင် '0'ထားရမည်ဖြစ်ပါသည်။ Number of Remainder တွင်အရေအတွက်ပါနေပါက ထိုအရေအတွက်သည် Total of Package တွင်ပေါင်းသွားမည်ဖြစ်၍ Declarationရှိအထုပ်အရေအတွက်နှင့် မကိုက်ညီဖြစ်နေခြင်းဖြစ်ပါသည်။VAD ဖြင့်ပြန်ပြင်ပါ။