Importer/Exporterကုမ္ပဏီတခုသည် အကောက်ခွန်လုပ်ငန်းများ ဆောင်ရွက်ရန် Customs Broker Agency အား အပ်နှံပါက မည်သို့ဆောင်ရွက်ပေးရမည်နည်း။
Importer/Exporterကုမ္ပဏီတခုသည် အကောက်ခွန်လုပ်ငန်း များဆောင်ရွက်ရန် Customs Broker Agency အား အပ်နှံပါက ထိုCustoms Broker Agency အား ကိုယ်စား လှယ်လွဲအပ်ကြောင်းကို UCB Serviceဖြင့် ဆောင်ရွက် ပေးရပါသည်။ ထိုသို့ ဆောင်ရွက်ပေးမှသာ ကုမ္ပဏီ၏ သွင်းကုန်လိုင်စင်၊ security၊ depositများကို Customs Broker Agency မှအသုံးပြုနိုင်ပါသည်။ထို UCB Serviceကို Importer/Exporter User ID ရှိသူများနှင့် အကောက်ခွန် ကသာဆောင်ရွက်နိုင်ပါသည်။User ID မရှိသော Importer/ Exporter များ အနေဖြင့် Customs Broker Agency အားကိုယ်စား လှယ်လွဲအပ်လိုပါက အကောက်ခွန်တွင် လာရောက်ဆောင်ရွက်နိုင်ပါသည်။ Importer/Exporter တစ်ယောက်လျှင် Customs broker agency(5)ခုအထိ လွှဲအပ်နိုင် ပါသည်။