E-token သက်တမ်းတိုးရန်ကိစ္စ

15/06/2017
E-token သက်တမ်းတိုးရန်ကိစ္စ ------------------------------------ ၁။ MACCS System တွင်အသုံးပြုနေသော E-token များသည် ၎င်းတို့၏သတ်မှတ်ကာလများ အလိုက် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။ အဆိုပါ သက်တမ်းကုန်ဆုံးမည့် E-token များအား သက်တမ်းတိုး ဆောင်ရွက်နိုင်ရန်အတွက် (၂၀.၆.၂၀၁၇) ရက်နေ့တွင် MOSSC မှ အောက်ပါလိပ်စာတွင် စတင်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
နေရာ- Winner Computer Group Co.,Ltd
အမှတ် (၂၀ဝ)၊ အနောက်ရွှေဂုံတိုင် (၅) လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
(ဦးဝိစာရလမ်း၊ တော်လှန်ရေးပန်းခြံရှေ့၊ DENKO ဓာတ်ဆီဆိုင်ဘေးလမ်းမှ ဝင်ရန်)
အချိန်- နံနက် (၉:၃၀) နာရီမှ နေ့လည် (၂:ဝ၀) နာရီ အထိ (တနင်္လာနေ့မှ သောကြာနေ့အထိ)
ဖုန်း- 09771095272, 03420067075, 01-503599

၂။ E-token များ၏ သက်တမ်းကုန်ဆုံးမည့်ကာလများအလိုက် သက်တမ်းတိုးဆောင်ရွက်ခြင်းအား အောက်ပါအတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည် -
(က)(၃၁.၇.၂၀၁၇) ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် E-token များအား (၂၀.၆.၂၀၁၇) ရက်နေ့မှစ၍ (၂၇.၇.၂၀၁၇) ရက်နေ့အပြီး ဆောင်ရွက်သွားရမည်။
(ခ)၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း သက်တမ်းကုန်ဆုံးမည့် E-token များအား (၃၁.၇.၂၀၁၇) ရက်နေ့မှစ၍ (၁၈.၈.၂၀၁၇) ရက်နေ့အပြီး ဆောင်ရွက်သွားရမည်။
(ဂ)၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း သက်တမ်းကုန်ဆုံးမည့် E-token များအား (၂၁.၈.၂၀၁၇) ရက်နေ့မှစ၍ (၁၅.၉.၂၀၁၇) ရက်နေ့အပြီး ဆောင်ရွက်သွားရမည်။

၃။ သက်တမ်းတိုး ဆောင်ရွက်ရာတွင် MOSSC မှ သတ်မှတ်ထားသော Form ပုံစံများဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ပြီး အဆိုပါ Form ပုံစံများအား ကုမ္ပဏီများ၏ E-mail လိပ်စာများသို့ ပေးပို့ထားပြီး ဖြစ်ပါသည်။ သက်တမ်းတိုးလာရောက်လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်အလက်များကို မပျက်မကွက် တစ်ပါတည်း ယူဆောင်လာရမည် ဖြစ်ပါသည် -
က။လျှောက်ထားသူ၏မှတ်ပုံတင် (သို့) ပတ်စ်ပိုဒ် (နိုင်ငံခြားသားဖြစ်လျှင်) (မိတ္တူ)၁စုံ
ခ။လျှောက်ထားသူ၏ သန်းခေါင်စာရင်း (သို့) ဧည့်စာရင်း (မိတ္တူ)၁စုံ
ဂ။လျှောက်ထားသူ၏ ((၁) ပတ်အတွင်း ပြုလုပ်ထားသော) ရပ်ကွက်ထောက်ခံစာ (မူရင်း)၁စုံ
ဃ။လျှောက်ထားသူ၏ ကုမ္ပဏီလိုင်စင် (မိတ္တူ)၁စုံ
င။လျှောက်ထားသူ၏ အေးဂျင့်မှတ်ပုံတင်ကဒ်(အေးဂျင့်ဖြစ်လျှင်) (မိတ္တူ)၁စုံ
စ။သက်သေခံလက်မှတ်လျှောက်လွှာ (မူရင်း (Colour))၁စုံ
ဆ။သက်သေခံလက်မှတ်ပြဌာန်းချက်သဘောတူညီမှု (Subscriber Agreement) (မူရင်း)၁စုံ
* လျှောက်လွှာတွင် ထည့်သွင်းထားသော အချက်အလက်များ မှန်ကန်မှုမရှိပါက သက်သေခံလက်မှတ် ထုတ်ပေးနိုင်မည်မဟုတ်ပါ။ *

၄။ E-token သက်တမ်းတိုးဆောင်ရွက်သည့် ဝန်ဆောင်မှုအတွက် ပေးချေရမည့် တန်ဖိုးမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က)အစိုးရဌာနဆိုင်ရာများ (OGAs): ၁၀ဝ၀ဝ ကျပ်
(ခ)ပုဂ္ဂလိက : ၂၀ဝ၀ဝ ကျပ်

၅။ သက်တမ်းတိုးဆောင်ရွက်ရန်ကြာမည့်အချိန်မှာ (၂) ညအိပ် (၃) ရက် (ဥပမာ - ၂၀.၆.၂၀၁၇ ရက်နေ့မှ ၂၂.၆.၂၀၁၇ ရက်နေ့အထိ) တွင် ရရှိမည်ဖြစ်ပြီး မိမိတို့၏လုပ်ငန်းများ မပျက်စေရေးအတွက် မိမိတို့အစီအစဉ်ဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ E-token သက်တမ်းတိုး ဆောင်ရွက်ခြင်းအား အပတ်စဉ် တနင်္လာနေ့မှ ကြာသပတေးနေ့အထိ တစ်ရက်လျှင် အခုရေ (၅၀) နှုန်းနှင့် သောကြာနေ့တွင် အခုရေ (၁၀ဝ)နှုန်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဦးရာလူစနစ်ဖြင့် သက်တမ်းတိုးခြင်းအား လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

၆။ E-token သက်တမ်းတိုးဆောင်ရွက်ရာတွင် အချိန်ယူဆောင်ရွက်ရခြင်း၊ ဆောင်ရွက်နိုင်သည့် အခုရေ ကန့်သတ်ချက်ရှိခြင်းတို့ကြောင့် မိမိတို့၏ E-token များအား သက်တမ်းမကုန်ဆုံးမီ အချိန်မီ ကြိုတင်ဆောင်ရွက်ရန်လိုအပ်ပြီး သက်တမ်းကုန်ဆုံးရက်နီးမှသာ စုပြုံ၍ ဆောင်ရွက်ခြင်းမပြုကြရန် အထူးသတိပေးအပ်ပါသည်။