၄၂ ကြိမ်မြောက်Working Group Meeting ကျင်းပ

အကောက်ခွန်ဦးစီးဌာနတွင်အကောင်အထည်ဖေါ်ဆောင်ရွက်နေသော MACCS နှင့်ပတ်သက်၍ Working Group အလိုက်အစည်းအဝေးများကို (17-10-2016)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ(1-11-2016)ရက်အထိ Working Group အလိုက် Japan Customs မှ Expert များ၊NTT Data မှကျွမ်းကျင်ပညာရှင်များ၊JICA Expert များ အကောက်ခွန်ဝန်ထမ်းများတက်ရောက်ပြီး ဘာသာရပ်အလိုက်ဆွေးနွေးကြသည်။(၁-၁၁-၂၀၁၆)ရက်နေ့တွင် Progress Meeting နှင့်4th RT Evaluation Meeting များကိုဆောင်ရွက်ခဲ့ကြသည်။အစည်းအဝေးသို့ညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချူပ်များ၊ညွှန်ကြားရေးမှူးများ၊ ဂျပန်ဘက်မှ ဂျပန်အကောက်ခွန် ၊ JICA Expert၊ NTT Data တို့မှ တာဝန်ရှိသူများတက်ရောက်ကြသည်။အစည်းအဝေးတွင် နိုဝင်ဘာလ(၁၂)ရက်နေ့တွင် MACCS ကိုစတင်ကျင့်သုံးရန် အတည်ပြုခဲ့ပြီးလိုအပ်သော ပူးပေါင်းဆောင်ရွက်မှုများကိုဆောင်ရွက်သွားရန်အတွက်ဆွေးနွေးခဲ့သည်။