အကောက်ခွန်ညွှန်ကြားရေးမှူးချုပ်အား ဂျပန်နိုင်ငံမှ MACCS Project တွဲဘက် ဥက္ကဌ မှ တွေ့ဆုံ

ဂျပန်နိုင်ငံမှ MACCS Project တွဲဘက်ဥက္ကဌဖြစ်သူ Mr. Fujishiji သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့ နံနက် (၁၀)နာရီတွင် အကောက်ခွန်ဦးစီးဌာနရုံးချုပ်၊ဧည့်ခန်းတွင် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အားတွေ့ဆုံ၍ နိုဝင်ဘာလ(၁၂)ရက်နေ့တွင်စတင်မည့် MACCS နှင့်ပတ်သက်၍ဆောင်ရွက်ရမည့်ကိစ္စများကိုနှစ်ဘက်ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချူပ်များ၊ညွှန်ကြားရေးမှူးများ၊ ဂျပန်ဘက်မှ ဂျပန်အကောက်ခွန် နှင့် JICA Expert တာဝန်ရှိသူများတက်ရောက်ကြပြီးတွေ့ဆုံပွဲအား နံနက်(၁၁)နာရီ တွင်ပြီးဆုံးခဲ့သည်။