Private User များသို့ မေတ္တာရပ်ခံချက်

MACCS စနစ်အား စမ်းသပ်အသုံးပြုမှု (Running Test) အဖြစ် ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့မှ စတင်၍ စမ်းသပ်အသုံးပြုဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ် အောက်တိုဘာ လကုန် အထိ အသုံးပြုသွားမည် ဖြစ်ပါသည်။ Running Test ဆောင်ရွက်နေစဉ် ကာလတွင် User Registrationလာရာက်ပြုလုပ်ထားသည့် Customs Broker (၇၀၅) ဦး ရှိသည့်အနက် RT ကာလတွင် ပူးပေါင်းပါဝင်သည့် အရေအတွက်မှာ (၂၁၂) ဦးသာ ရှိကြောင်း နှင့် Agency ပေါင်း (၂၅၆) ခုရှိသည့် အနက် (၁၄၁) ခုသာ ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း စစ်တမ်း ကောက်ယူရရှိခဲ့ပါသည်။ ယခုအချိန် Running Test ကာလမှာ တစ်လသာ ကျန်ရှိပါတော့ သည်။ သို့ဖြစ်ပါ၍ RT တွင် ပူးပေါင်းဆောင်ရွက်သော Customs Brokerများလည်း ပိုမို ပူးပေါင်းဆောင်ရွက်ပေးကြပါရန်နှင့် System ကြီး စတင်သည့်အခါ Customs Broker အားလုံး စနစ်နှင့် အကျွမ်းတဝင်ဖြစ်နေစေရန် ကျန်ရှိသော Agency များနှင့် Customs Broker များ အနေဖြင့်လည်း မဖြစ်မနေ ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် အလေးအနက် အထူးနှိုးဆော်အပ်ပါသည်။ ထို့အပြင် ယနေ့အထိ Running Test တွင် ပါဝင်ခြင်းမရှိသေးသည့် Customs Broker များအနေဖြင့် တွေ့ကြုံ နေရသည့် အခက်အခဲများအား အကောက်ခွန်ဦးစီးဌာန၏ Help Desk Section သို့ လည်းကောင်း၊ ယခု Facebook ၏ Message Box တွင်လည်းကောင်း ပွင့်ပွင့်လင်းလင်း အသိပေးဆွေးနွေးဖော်ပြပေးခြင်းဖြင့် အကောက်ခွန်ဦးစီးဌာနဘက်မှ မည်ကဲ့သို့ ကူညီ ဖြေရှင်းဆောင်ရွက်ပေးရမည်ကို နည်းလမ်းရှာဖွေ၍ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။ MACCS ဌာနခွဲ၊ အကောက်ခွန်ဦးစီးဌာန