ပြည်တွင်းအခွန်များဦးစီးဌာနမှMACCS စနစ်အားလာရောက်လေ့လာဆွေးနွေး

၂၀၁၆ ခုနှစ်သြဂုတ်လ (၁၆)ရက်နေ့နံနက်(၁၀)နာရီက ပြည်တွင်းအခွန်များဦးစီးဌာန၊သတင်းအချက်အလက်နည်းပညာဌာနခွဲမှဦးဆောင်၍အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊အလယ်အလတ်အခွန်းထမ်းများဆိုင်ရာအခွန်ရုံးတို့မှတာဝန်ရှိသူများသည် MACCS စနစ်ဖြင့်အခွန်စည်းကြပ်ကောက်ခံရာတွင်ပို့ကုန်သွင်းကုန်ဆိုင်ရာသတင်းအချက်အလက်များရရှိဖလှယ်ရေး၊ကြိုတင်အခွန်များပြန်လည်စိစစ်နိုင်ရေးအခွန်တိမ်းရှောင်မှုမဖြစ်စေရေးအတွက်အကောက်ခွန်ဦးစီးဌာနMACCS ဌာနခွဲတွင်လာရောက်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် MACCS ဌာနခွဲမှတာဝန်ရှိသူများ၊ပြည်တွင်းအခွန်များဦးစီးဌာနသတင်းအချက်အလက်နည်းပညာဌာနခွဲမှဦးဆောင်၍အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊အလယ်အလတ်အခွန်းထမ်းများဆိုင်ရာအခွန်ရုံးတို့မှတာဝန်ရှိသူများျ၊Japan Long term Expert နှင့် Japan Customs မှတာဝန်ရှိသူများတက်ရောက်ဆွေးနွေးကြပြီး ပြည်တွင်းအခွန်ဦးစီးဌာနမှအဖွဲ့သည် MACCS ဌာနခွဲအတွင်းလုပ်ငန်းဆောင်ရွက်မှုများကိုလေ့လာကြည့်ရှုခဲ့ကြသည်။