"Training Course of MACCS(Myanmar Automated Cargo Clearance System) Users for Customs Officials" သင်တန်းဖွင့်ပွဲကျင်းပခြင်း

အကောက်ခွန်ဦးစီးဌာနတွင်အကောင်အထည်ဖေါ်နေသည့် MACCS စနစ်အတွက် "Training Course of MACCS (Myanmar Automated Cargo Clearance System) Users for Customs Officials" သင်တန်းဖွင့်ပွဲ အား ယနေ့ ဇူလိုင် လ (၁၁) ရက်နေ့မနက်(၉းဝ၀)နာရီတွင် ရန်ကုန်မြို့ရှိ အကောက်ခွန် သင်တန်းကျောင်း၌ပြုလုပ်ခ ဲ့သည်။ MACCS စနစ်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် များနှင့်အတူ ပြောင်းလဲလာသည့် စနစ်တစ်ခုဖြစ်ပြီး မြန်မာ့အကောက်ခွန်၏ သမိုင်းကြောင်းတွင် အရေးပါသည့်ဆောင်ရွက်မှုအဖြစ် မှတ်တမ်းတင်နိုင် မည်ဖြစ်သကဲ့သို့ မြန်မာအကောက်ခွန်၏ လုပ်ငန်းစဉ်များ တိုးတက်အောင်မြင်စေ ရေးအတွက်လည်း အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည် ။ စနစ်သစ် တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး အသုံးပြုသွားသည့်အခါ စနစ်သစ်တို့၏ သဘောသဘာဝအရ အဟောင်းမှအသစ်သို့ ကူးပြောင်းသည့်ကာလအတွင်း အသွင်မတူနိုင်သော လုပ်ငန်းစဉ်များကြောင့် အားနည်းချက်များ၊ အခက်အခဲများသည်လည်းမလွဲမသွေတွေ့ကြုံလာရမည်ဖြစ်သည်။ဤကဲ့သို့ကြုံတွေ့လာသည့်အခါ စနစ်ကိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် OGAs များ ၊ Private Users များနှင့် ပေါင်းစပ်ညှိနှိုင်း၍ အကောင်းဆုံးရလဒ်များ ရရှိအောင် ဖြေရှင်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ MACCS စနစ်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှစတင်၍ ပထမအဆင့် အနေဖြင့် ရန်ကုန်ဧရိယာအတွင်း၌ သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် လေဆိပ်၊ ရုံးချုပ်၊ ဆိပ်ကမ်းများတွင် တပ်ဆင်ချိတ်ဆက် အသုံးပြုဆောင် ရွက်သွားမည်ဖြစ်သည်။ ရန်ကုန်ဧရိယာတွင် စနစ်ကို တည်ငြိမ်အောင်မြင်စွာ သုံးစွဲနိုင်ပြီးပါက ဒုတိယအဆင့်အနေဖြင့် နယ်စပ်ဒေသများ၌ပါ တပ်ဆင်အသုံးပြုဆောင်ရွက်နိုင်ရေးကို ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ MACCS စနစ် စမ်းသပ်အသုံးပြုမှုကို ၂၀၁၆ ခုနှစ် သြဂုတ်လတွင် စတင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်ပြင်ဆင် မှုများဆောင်ရွက်လျက်ရှိရာ စနစ်အား အသုံးပြုမည့် Private Users (ပုဂလိက္ကအခန်းကဏ္ဍ) များအတွက် သင်တန်းများကို ၂၀၁၆ ခုနှစ် မေ၊ဇွန်လများ အတွင်း သင်တန်း အပတ်စဉ်(၈)ခုဖြင့် သင်တန်းသား(၈၀ဝ)ခန့်အား စာတွေ့၊လက်တွေ့ များသင်ကြားပို့ဆောင်ရွက်ခဲ့ ပြီးဖြစ်သည်။ဆက်လက်၍အကောက်ခွန်အရာရှိများအတွက်သင်တန်းကိုယခုပြု လုပ်ခြင်းဖြစ်သည်။ ယခုသင်တန်း တက်ရောက်လာသည့် အကောက်ခွန်သင်တန်းသားများသည် စနစ်၏ (Running Test) ကာလမှစ၍ ပါဝင်ရမည်ဖြစ်သည်။ MACCS စနစ် စတင်လည်ပတ်ဆောင်ရွက်မည့် Key Person များဖြစ်ပြီး စနစ်၏ (Running Test-RT) ကာလတွင် မိမိတို့ဌာနခွဲအသီးသီးမှ တာဝန်ပေးအပ်မည့် နေရာအသီးသီးမှာ MACCS ဌာနခွဲမှ ဝန်ထမ်းများနှင့်အတူ Running Test ကို ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်သည့်အပြင် သင်တန်းကာလမှာရရှိခဲ့သည့် ပညာရပ်အတွေ့အကြုံများကို မိမိရဲ့လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများကို On Job Training အဖြစ် ပြန်လည်သင်ကြားပို့ချပေးသွားရန် တာဝန်ပေး အပ်ခြင်းခံရမည်ဖြစ်သည်။ သင်တန်းဖွင့်ပွဲသို့ ၊မြန်မာအကောက်ခွန်ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ JICA မှ Mr Nakazawa ( Representative of JICA –Myanmar) ၊ JICA Long Term Expert အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအကောက်ခွန် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ နှင့် သင်တန်းသားများ တက် ရောက်ကြသည်။