MACCS၏ PTSW(Private Terminal Software) Training အမှတ်စဉ်(၂)..သင်တန်း Certificate ချီးမြှင့်ပေးအပ်ခြင်း။

MACCS စနစ် "Training Course For MACCS Users"သင်တန်း အမှတ်စဉ်(၂)သို့သင်တန်း တက်ရောက်ပြီးသူများ အတွက် MACCS ၏ PTSW(Private Terminal Software) Training အမှတ်စဉ်(၂) အား ဇွန်လ (၂) ရက်နေ့က UMFCCI သင်တန်းခန်းမ (၂)၌ မနက်ပိုင်းတန်းခွဲနှင့် နေ့လည်ပိုင်းတန်းခွဲ တန်းခွဲ(၂)ခုဖြင့် ပြုလုပ်ခဲ့ရာသင်တန်းသား(၁၀၃)ဦးတက်ရောက် ၍ လက်တွေ့ Import Export Declaration များကိုအဆင့်မီဆောင်ရွက်မှုနိုင် ခဲ့ကြသည်။ ယင်းနေ့တွင်ပင် သင် တန်း တက်ရောက် ခဲ့သော သင်တန်းသားများ အားမြန်မာ့ အကောက်ခွန်မှညွှန်ကြားရေးမှူး(MACCS)၊ JICA Expert ၊ NTT Data Japan မှတာဝန်ရှိသူများကသင်တန်းတက်ရောက်အောင်မြင်ကြောင်း Certificate အား တစ်ဦးချင်းစီချီးမြှင့်ပေးအပ်ခဲ့သည်။