MACCS/MCIS စနစ် အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ (၃၆)ကြိမ်မြောက်Wrap-upအစည်းအဝေး ပြုလုပ်ကျင်းပခြင်း။

အကောက်ခွန်ဦးစီးဌာနတွင် သွင်းကုန်၊ ထုတ်ကုန်ရှင်းလင်းရေးလုပ်ငန်းစဉ်များလွယ်ကူလျင်မြန်စေရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန်အလို့ငှာဂျပန်နိုင်ငံအစိုးရ၏ ဘဏ္ဍာရေးအကူအညီ (Grant Aid) ဖြင့် MACCS/MCIS စနစ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ (၃၆) ကြိမ်မြောက်မြန်မာ-ဂျပန် လုပ်ငန်းအဖွဲ့များ၏ အစည်း အဝေးများအား၂၀၁၆ခု၊မေလ(၁၈)ရက်မှ(၃၁)ရက်ထိပြုလုပ်ခဲ့ပြီး Wrap-up အစည်းအဝေးကို (၃၁-၆-၂၀၁၆) ရက်နေ့၊ နေ့လည်(၂)နာရီအချိန်တွင် အကောက်ခွန်ဦးစီးဌာန၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊သက်ဆိုင် ရာ Working Group အဖွဲ့ဝင်များ၊Japan Customs မှအဖွဲ့ဝင်များ၊ Mr. Ueno(Japan Expert) နှင့် JICA မှ ကိုယ်စားလှယ်များ၊ NTT Data မှ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး လုပ်ငန်းတိုးတက်ဆောင်ရွက်မှုများကိုဆွေးနွေးခဲ့ကြသည်။