MACCS စနစ်အတွက် "Training Course For MACCS Users" သင်တန်းအမှတ်စဉ်(၄)ဖွင့်လှစ်ခြင်း

အကောက်ခွန်ဦးစီးဌာနတွင်အကောင်အထည်ဖေါ်နေသည့် MACCS စနစ်အတွက် "Training Course For MACCS Users" သင်တန်းအမှတ်စဉ်(၄) အား မေ လ (၂၃) ရက်မှ(၂၇)ရက်ထိ ရန်ကုန်မြို့ရှိ အကောက်ခွန်သင်တန်းကျောင်းသင်တန်းခန်းမ၌ဖွင့်လှစ်သင်ကြားခဲ့ရာ အခြားအစိုးရဌာနများမှ သင်တန်းသားများနှင့်ပုဂ္ဂလိက ကဏ္ဍ မှအကောက်ခွန်ဆိုင်ရာ ဝန်ဆောင်မှုပေးသူ သင်တန်းသားများ စုစုပေါင်း(၁၀၅)ဦးတက်ရောက်လျှက်ရှိသည်။ "Training Course For MACCS Users" သင်တန်းကို ပုဂ္ဂလိကကဏ္ဍအတွက်အကောက်ခွန်ဆိုင်ရာဝန်ဆောင်မှုပေးသူများကို အဓိကဦးတည်၍ သင်တန်းအ မှတ်စဉ်(၄)ခုဖွင့်လှစ်ပြီးဖြစ်၍သင်တန်းတက်ရောက်ပြီးသူပေါင်း(၅၁၉)ဦးရှိပြီဖြစ်ပါသည်။ သင်တန်း အ မှတ်စဉ်(၅)အား မေလ (၃၀)ရက်မှဇွန်လ(၃)ရက် ထိဖွင့်လှစ်မည်ဖြစ်ပြီးသင်တန်းများကိုမေလမှဇွန်လ အတွင်းစဉ်ဆက်မပြတ်ဖွင့်လှစ်သွားမည်ဖြစ်သည်။အလားတူ အကောက်ခွန်အရာရှိများအတွက် သင် တန်း များကိုလည်း ၂၀၁၆ ခုနှစ်ဇူလိုင်လအတွင်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။