MACCS၏ PTSW(Private Terminal Software) Training အမှတ်စဉ်(၁)..သင်တန်း Certificate ချီးမြှင့်ပေးအပ်ခြင်း။
MACCS စနစ် "Training Course For MACCS Users"သင်တန်းအမှတ်စဉ်(၁)သို့သင်တန်း တက်ရောက်ပြီးသူများ အတွက် MACCS ၏ PTSW(Private Terminal Software) Training အမှတ်စဉ်(၁) အား မေ လ (၂၆) ရက်နေ့က UMFCCI သင်တန်းခန်းမ (၂)၌ မနက်ပိုင်းတန်းခွဲနှင့် နေ့လည်ပိုင်းတန်းခွဲ တန်းခွဲ(၂)ခုဖြင့် ပြုလုပ်ခဲ့ရာသင်တန်းသား(၉၅)ဦးတက်ရောက် ၍လက်တွေ့ Import Export Declaration များကိုအဆင့်မီဆောင်ရွက်မှုနိုင် ခဲ့ကြသည်။ ယင်းနေ့တွင်ပင် သင် တန်း တက်ရောက် ခဲ့သော သင်တန်းသားများအားJICA Expert ၊ Japan Customs ၊ NTT Data Japan နှင့် မြန်မာ့ အကောက်ခွန်မှ တာဝန်ရှိသူများကသင်တန်းတက်ရောက်အောင်မြင်ကြောင်း Certificate အား တစ်ဦးချင်းစီချီးမြှင့်ပေးအပ်ခဲ့သည်။