MACCS ၏ PTSW(Private Terminal Software) လက်တွေ့လေ့ကျင့်မှု သင်တန်း အမှတ်စဉ်(၁)..သင်တန်းအချိန်ဇယားထုတ်ပြန်ခြင်း

MACCS စနစ် "Training Course For MACCS Users"သင်တန်းအမှတ်စဉ်(၁)သို့သင်တန်း တက်ရောက်ပြီးသူများ အတွက် MACCS ၏ PTSW(Private Terminal Software) လက်တွေ့ လေ့ကျင့်မှု သင်တန်းအမှတ်စဉ်(၁)အားအောက်ပါအတိုင်းဖွင့်လှစ်မည်ဖြစ်သည်- နေ့ရက် -၂၆. ၅. ၂၀၁၆ (ကြာသာပတေးနေ့) အချိန်/ ခုံအမှတ် -၁။နံနက်(၉)နာရီ မှ နေ့လည်(၁၂)နာရီထိ ၊ ခုံအမှတ် (၁) မှ (၅၀)ထိ။ -၂ ။နေ့လည်(၁၂)နာရီ မှညနေ(၅) နာရီထိ ၊ ခုံအမှတ်(၅၁) မှ (၁၀ဝ)ထိ။ နေရာ - UMFCCI သင်တန်းခန်းမ (မြေညီထပ်) လက်တွေ့လေ့ကျင့်မှုသင်တန်းတက်ရောက်သူများသည် MACCS တွင် User Registration ဆောင်ရွက်ပြီး CA (e-Token)ထုတ်ယူပြီးသူများဖြစ်ရမည်။ MACCS ၏ PTSW(Private Terminal Software) လက်တွေ့လေ့ကျင့်မှု သင်တန်း Simple Data အဖြစ် Non license Import File ဟောင်း၊ Export File (၂)Files စီနှင့် Attachment တွဲမည့် Invoice, Packing List များကို scan ဖတ်၍ PDF ဖိုင်ပြောင်းကာ Vious ကင်းသော Memory Stick ဖြင့်ယူဆောင်လာရန်နှင့် e-Token များပါယူဆောင်လာရမည်ဖြစ်ပါသည်။ User Registration ဆောင်ရွက်ထားခြင်းမရှိသူများ ၊e-Token မရသေးသူများတက်ရောက်ရမည်မဟုတ်ပါ။သို့ပါ၍ User Registration ဆောင်ရွက် ထားကြ ရန်ဖြစ် ပါသည်။ MACCS ၏ PTSW(Private Terminal Software) လက်တွေ့လေ့ကျင့်မှု သင်တန်းအား MACCS စနစ် "Training Course For MACCS Users"သင်တန်း အမှတ်စဉ်များအတိုင်း (၁) မှ (၈) ထိမေလ နှင့် ဇွန် လ များအတွင်းဖွင့်လှစ်မည်ဖြစ်သည်။