MACCS စနစ်အတွက် "Training Course For MACCS Users" သင်တန်းအမှတ်စဉ်(၃)ဖွင့်လှစ်ခြင်း
အကောက်ခွန်ဦးစီးဌာနတွင်အကောင်အထည်ဖေါ်နေသည့် MACCS စနစ်အတွက် "Training Course For MACCS Users" သင်တန်းအမှတ်စဉ်(၃) အား မေ လ (၁၆) ရက်မှ(၂၀)ရက်ထိ ရန်ကုန်မြို့ရှိ အကောက်ခွန်သင်တန်းကျောင်းသင်တန်းခန်းမ၌ဖွင့်လှစ်သင်ကြားလျှက်ရှိရာ အခြားအစိုးရဌာနများမှ သင်တန်းသားများနှင့်ပုဂ္ဂလိက ကဏ္ဍ မှအကောက်ခွန်ဆိုင်ရာ ဝန်ဆောင်မှုပေးသူ သင်တန်းသားများ စုစုပေါင်း(၁၀၄)ဦးတက်ရောက်လျှက်ရှိသည်။ "Training Course For MACCS Users" သင်တန်းကို ပုဂ္ဂလိကကဏ္ဍအတွက်အကောက်ခွန်ဆိုင်ရာဝန်ဆောင်မှုပေးသူများကို အဓိကဦးတည်၍ သင်တန်းအ မှတ်စဉ်(၃)ခုဖွင့်လှစ်ပြီးဖြစ်၍သင်တန်းတက်ရောက်ပြီးသူပေါင်း(၃၀၉)ဦးရှိပြီဖြစ်ပါသည်။ သင်တန်း အ မှတ်စဉ်(၄)အား မေလ (၂၃)ရက်မှ(၂၇)ရက် ထိဖွင့်လှစ်မည်ဖြစ်ပြီးသင်တန်းများကိုမေလမှဇွန်လ အတွင်းစဉ်ဆက်မပြတ်ဖွင့်လှစ်သွားမည်ဖြစ်သည်။အလားတူ အကောက်ခွန်အရာရှိများအတွက် သင် တန်း များကိုလည်း ၂၀၁၆ ခုနှစ်ဇူလိုင်လအတွင်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။