MACCS/MCIS စနစ် အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ (၃၅)ကြိမ်မြောက်Wrap-upအစည်းအဝေး ပြုလုပ်ကျင်းပခြင်း။

အကောက်ခွန်ဦးစီးဌာနတွင် သွင်းကုန်၊ ထုတ်ကုန်ရှင်းလင်းရေးလုပ်ငန်းစဉ်များလွယ်ကူလျင်မြန်စေရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန်အလို့ငှာဂျပန်နိုင်ငံအစိုးရ၏ ဘဏ္ဍာရေးအကူအညီ (Grant Aid) ဖြင့် MACCS/MCIS စနစ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ (၃၅) ကြိမ်မြောက် Wrap-up အစည်းအဝေးကို (၂၉-၄-၂၀၁၆) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အကောက်ခွန်ဦးစီးဌာန၊ အစည်းအဝေးခန်းမ(၁)တွင် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊သက်ဆိုင်ရာ Working Group အဖွဲ့ဝင်များ၊ ဂျပန်ဘက်မှ Mr.Yamaokaဦးဆောင်သောJapan Customs မှအဖွဲ့ဝင်များ၊ Mr. Ueno(Japan Expert) နှင့် JICA မှ ကိုယ်စားလှယ်များ၊ NTT Data မှ အဖွဲ့ဝင်များဖြင့် ကျင်းပပြုလုပ်ခဲ့ပြီးနံနက် (၁၁:၃၀) နာရီအချိန်တွင် အစည်းအဝေးကိုရုပ်သိမ်းခဲ့ပါသည်။