MACCS/MCIS စနစ်အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ (၃၃) ကြိမ်မြောက်အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

(၇-၃-၂၀၁၆)ရက်နေ့ မှ (၁၇-၃-၂၀၁၆)ရက်နေ့အထိ၊နံနက် (၉:၃၀)နာရီ မှ ညနေ(၅)နာရီအထိ သွင်းကုန်၊ ထုတ်ကုန် ရှင်းလင်းရေးလုပ်ငန်းစဉ်များ လွယ်ကူလျင်မြန်စေရန်နှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်စေရန်အလို့ငှာ ဂျပန်နိုင်ငံအစိုးရ၏ဘဏ္ဍာရေးအကူအညီ (Grant Aid) ဖြင့် MACCS/MCIS စနစ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ MACCS/MCIS စနစ် အကောင်အထည်ဖော် ဆောင်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ (၃၂) ကြိမ်မြောက် အစည်းအဝေးကို အကောက်ခွန်ဦးစီးဌာနတွင် ကျင်းပပြုလုပ်လျှက်ရှိပါသည်။ (၁၁-၃-၂၀၁၆)ရက်နေ့ နေ့လည်ပိုင်းတွင် MACCS စနစ်တွင်ပါဝင်မည့် အစိုးရ ဌာနများ၊ Freight Forwarder များ၊Shipping Line များ၊Air line များ၊ဆိပ်ကမ်းများ မှ ကိုယ်စားလှယ်များနှင့် မြန်မာ-ဂျပန် လုပ်ငန်းအဖွဲ့ တို့ တွေ့ဆုံဆွေးနွေးကြ မည်ဖြစ်ကြောင်း သိရှိရသည်။