အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့ဝင်များနှင့် JICA Mid-Term Review အဖွဲ့ဝင်များတွေ့ဆုံဆွေးနွေးခြင်း။

အကောက်ခွန်ဦးစီးဌာနတွင် သွင်းကုန်၊ ထုတ်ကုန်ရှင်းလင်းရေးလုပ်ငန်းစဉ်များ လွယ်ကူလျင်မြန်စေရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန်အလို့ငှာ ဂျပန်နိုင်ငံအစိုးရ၏ ဘဏ္ဍာရေးအကူအညီ (Grant Aid) ဖြင့် MACCS/MCIS စနစ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ JICA Mid-Term Review အစည်းအဝေးကို (၂၂-၂-၂၀၁၆) ရက်နေ့၊ နေ့လည် (၁၂:ဝ၀)နာရီအချိန်တွင် အကောက်ခွန်ဦးစီးဌာန၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးသို့အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး(နိုင်ငံတကာ)၊ ညွှန်ကြားရေးမှူး(စစရ)၊ ညွှန်ကြားရေးမှူး(MACCS)၊ ညွှန်ကြားရေးမှူး(ဥပဒေ)၊ ညွှန်ကြားရေးမှူး(Value)၊ ဂျပန်ဘက်မှ Mr.Yamasaki (JICA – Myanmar Office)၊ Mr. Ueno (Chif Advisor)၊ Ms. Nakata (Japan Expert)၊ Mr.Yokokama (Japan Expert) နှင့် JICA မှ Mr.Noriharu Masugi ဦးဆောင်သောအဖွဲ့ဝင်များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။