ကမ္ဘာ့အကောက်ခွန်အဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်နှင့်...

22/03/2017
ကမ္ဘာ့အကောက်ခွန်အဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်သူ Mr. KUnio Mikuriya နှင့်အဖွဲ့သည် ၂၀၁၇ ခုနှစ် မတ် လ (၂၂)ရက်နေ့ နံနက်(၉း၃၀)နာရီတွင် အကောက်ခွန်ဦးစီးဌာနရုံးချုပ် သို့လာရောက်ခဲ့ပါသည်။ ကမ္ဘာ့အကောက်ခွန်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်နှင့်အဖွဲ့ သည် အကောက်ခွန်ဦးစီးဌာနဧည့်ခန်းမတွင်ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သောတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာ့အကောက်ခွန်ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊နိုင်ငံတကာပူးပေါင်းဆောင်ရွက်နေမှုကိစ္စရပ်များ၊နှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် ကမ္ဘာ့အကောက်ခွန်အဖွဲ့၏ လမ်းညွှန် ချက်များနှင့် အညီဆောင်ရွက်နေမှုဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်။
ကမ္ဘာ့အကောက်ခွန်အဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်နှင့်အဖွဲ့သည်အကောက်ခွန်ဦးစီးဌာနအတွင်း အကောက်ခွန်သမိုင်ပြတိုက်၊MACCS ဌာနခွဲ နှင့် MACCS အားအသုံးပြု၍သွင်းကုန်ထုတ်ကုန် ကိစ္စရပ်များဆောင်ရွက်နေသည့် သွင်းကုန်ထုတ်ကုန်ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေ များကိုလှည့်လည်ကြည့်ရှု၍နံနက်(၁၀း၃၀)နာရီတွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။