MACCS -မြန်မာ့အလိုအလျှောက်ကုန်ပစ္စည်းရှင်းလင်းရေးစနစ် ဖွင့်ပွဲကျင်းပခြင်း

09/03/2017
MACCS -မြန်မာ့အလိုအလျှောက်ကုန်ပစ္စည်းရှင်းလင်းရေးစနစ်ဖွင့်ပွဲအခမ်းအနားကို (၆.၁.၂၀၁၇)ရက်နေ့ မနက်(၁၀)နာရီခွဲခန့်တွင် ရန်ကုန်မြို့ Chatrium Hotel BallRoom ၌ကျင်းပရာ အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနမှ State Minister of Finance ဖြစ်သူ Mr. Monoru Kihara၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး Mr. Tateshi HIGUCHI၊ NACCS Center မှ President and CEO ဖြစ်သူ Mr. Toshihiko MIYASAKA၊ NTT DATA Corporation JAPAN မှ Director & Executive Vice President ဖြစ်သူ Mr. Hiroyuki Aoki နှင့် JICA Myanmar Officeမှတာဝန်ရှိသူများ ၊ JICA Experts များ၊ NTT Myanmar မှတာဝန်ရှိသူများနှင့် စနစ်တွင်ပါဝင်ဆောင်ရွက်ကြသည့် သက်ဆိုင်ရာအဖွဲ့အစည်းမှ တာဝန်ရှိသူများ၊အကောက်ခွန်ဝန်ထမ်းများတက်ရောက်ကြပြီး ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနမှ State Minister of Finance၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့်အကောက်ခွန်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်၊ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကဖွင့်ပွဲမိန့်ခွန်းပြောကြားပြီး ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန State Minister of Finance က နုတ်ခွန်းဆက်စကားပြောကြားကာ၊ အကောက်ခွန်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကကျေးဇူးတင်စကားပြောကြားသည်။၄င်းနောက် အကောက်ခွန်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က စနစ်အားအကောင်အထည်ဖေါ်ဆောင်ရာတွင်ဂျပန်နိုင်ငံဘက်မှပါဝင်ခဲ့သောပုဂ္ဂိုလ်များကို ဂုဏ်ပြုမှတ်တမ်းနှင့်အမှတ်တရလက်ဆောင်များပေးအပ်ကာဖွင့်ပွဲအခမ်းအနားကိုအောင်မြင်စွာကျင်းပခဲ့သည်။ MACCS ကို ၂၀၁၃ ခုနှစ် ဇူလိုင်လမှစတင်၍အကောင်အထည်ဖေါ်ဆောင်ခဲ့ရာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ(၁၂)ရက်နေ့တွင်စတင်ကျင့်သုံးခဲ့ပြီး အကောက်ခွန်ဦးစီးဌာန၊နှင့်အတူအစိုးရ ဌာနဆိုင်ရာများဖြစ်သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA) ၊ အပင်ရောဂါပိုးမွှားကာကွယ်ရေးဌာန (Plant Quarantine) ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (Animal Quarantine) ၊ ငါးလုပ်ငန်းဦးစီးဌာန (DOF) နှင့် မြန်မာ့စီးပွားရေးဘဏ်(၅) (MEB-5) ချိတ်ဆက်ဆောင်ရွက်နေပါသည်၊၄င်းအပြင် Trading Community မှImporter/ Exporterများ၊ Customs Broker များ၊ Transport Community မှ Air Cargo Companies ၊Freight Forwarders၊ Warehouses၊ Container Yards၊ Air Line Companies၊ Shipping Line Companies ၊ Shipping Agencies များပါဝင်ဆောင်ရွက်နေကြပြီဖြစ်သည်။