"Training Course of MACCS(Myanmar Automated Cargo Clearance System) Users for Customs Officials(2/2016) သင်တန်းဖွင့်ပွဲကျင်းပခြင်း

အကောက်ခွန်ဦးစီးဌာနတွင်အကောင်အထည်ဖေါ်နေသည့် MACCS စနစ်အတွက် "Training Course of MACCS (Myanmar Automated Cargo Clearance System) Users for Customs Officials" သင်တန်းဖွင့်ပွဲ အား ယနေ့ စက်တင်ဘာ လ (၂၀) ရက်နေ့မနက်(၁၀း၃၀)နာရီတွင် ရန်ကုန်မြို့ရှိ အကောက်ခွန် သင်တန်းကျောင်း၌ပြုလုပ်ခ ဲ့သည်။ MACCS စနစ်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် များနှင့်အတူ ပြောင်းလဲလာသည့် စနစ်တစ်ခုဖြစ်ပြီး မြန်မာ့အကောက်ခွန်၏ သမိုင်းကြောင်းတွင် အရေးပါသည့်ဆောင်ရွက်မှုအဖြစ် မှတ်တမ်းတင်နိုင် မည်ဖြစ်သကဲ့သို့ မြန်မာအကောက်ခွန်၏ လုပ်ငန်းစဉ်များ တိုးတက်အောင်မြင်စေ ရေးအတွက်လည်း အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည် ။ စနစ်သစ် တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး အသုံးပြုသွားသည့်အခါ စနစ်သစ်တို့၏ သဘောသဘာဝအရ အဟောင်းမှအသစ်သို့ ကူးပြောင်းသည့်ကာလအတွင်း အသွင်မတူနိုင်သော လုပ်ငန်းစဉ်များကြောင့် အားနည်းချက်များ၊ အခက်အခဲများသည်လည်းမလွဲမသွေတွေ့ကြုံလာရမည်ဖြစ်သည်။ဤကဲ့သို့ကြုံတွေ့လာသည့်အခါ စနစ်ကိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် OGAs များ ၊ Private Users များနှင့် ပေါင်းစပ်ညှိနှိုင်း၍ အကောင်းဆုံးရလဒ်များ ရရှိအောင် ဖြေရှင်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ MACCS စနစ်အား အသုံးပြုမည့် Private Users (ပုဂလိက္ကအခန်းကဏ္ဍ) များအတွက် သင်တန်းများကို ၂၀၁၆ ခုနှစ် မေ၊ဇွန်လများ အတွင်း သင်တန်း အပတ်စဉ်(၈)ခုဖြင့် သင်တန်းသား(၈၀ဝ)ခန့်အား စာတွေ့၊လက်တွေ့ များသင်ကြားပို့ဆောင်ရွက်ခဲ့ ပြီးဖြစ်သည်။ဆက်လက်၍အကောက်ခွန်အရာရှိများအတွက်(1/2016)သင်တန်းကိုလည်း ဇူလိုင် လ အတွင်းပြုလုပ်ခဲ့ပြီးယခု(2/2016)ကိုဖွင့်လှစ်သင်ကြားခြင်းဖြစ်သည်။ MACCS စနစ်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှစတင်၍ ပထမအဆင့် အနေဖြင့် ရန်ကုန်ဧရိယာအတွင်း၌ သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် လေဆိပ်၊ ရုံးချုပ်၊ ဆိပ်ကမ်းများတွင် တပ်ဆင်ချိတ်ဆက် အသုံးပြုဆောင် ရွက်သွားမည်ဖြစ်သည်။ ရန်ကုန်ဧရိယာတွင် စနစ်ကို တည်ငြိမ်အောင်မြင်စွာ သုံးစွဲနိုင်ပြီးပါက ဒုတိယအဆင့်အနေဖြင့် နယ်စပ်ဒေသများ၌ပါ တပ်ဆင်အသုံးပြုဆောင်ရွက်နိုင်ရေးကို ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ယခုအခါ ၂၀၁၆ သြဂုတ် လ (၈)ရက်နေ့မှစ၍ စနစ်အား စမ်းသပ်သုံးစွဲလျှက်ရှိသည်။ သင်တန်းဖွင့်ပွဲသို့ ၊မြန်မာအကောက်ခွန်ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ JICA Long Term Expert အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအကောက်ခွန် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ နှင့် သင်တန်းသားများ တက် ရောက်ကြသည်။