MACCS/MCIS စနစ် အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ (၄၀)ကြိမ်မြောက် 2nd RT Evaluation (Wrap-up) အစည်းအဝေး ပြုလုပ်ကျင်းပခြင်း။

အကောက်ခွန်ဦးစီးဌာနတွင် သွင်းကုန်၊ ထုတ်ကုန်ရှင်းလင်းရေးလုပ်ငန်းစဉ်များလွယ်ကူလျင်မြန်စေရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန်အလို့ငှာဂျပန်နိုင်ငံအစိုးရ၏ ဘဏ္ဍာရေးအကူအညီ (Grant Aid) ဖြင့် MACCS/MCIS စနစ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ (၄၀) ကြိမ်မြောက်မြန်မာ-ဂျပန် လုပ်ငန်းအဖွဲ့များ၏ အစည်း အဝေးများအား၂၀၁၆ခု၊စက်တင်ဘာ လ (၅)ရက်မှ(၁၆)ရက်ထိပြုလုပ်ခဲ့ပြီး 2nd RT Evaluation (Wrap-up) အစည်းအဝေးကို (၁၆-၉-၂၀၁၆) ရက်နေ့၊ နေ့လည်(၁၁)နာရီအချိန်တွင် အကောက်ခွန်ဦးစီးဌာန၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ အကောက်ခွန်ဦးစီးဌာနမှ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊သက်ဆိုင် ရာ Working Group အဖွဲ့ဝင်များ၊Japan Customs မှအဖွဲ့ဝင်များ၊ Mr. Ueno(Japan Expert) နှင့် JICA မှ ကိုယ်စားလှယ်များ၊ NTT Data မှ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး လုပ်ငန်းတိုးတက်ဆောင်ရွက်မှုများကိုဆွေးနွေးခဲ့ကြသည်။