MACCS မူပိုင်ခွင့်(Copy Right)ဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း

MACCS ၏ Software Copyright Agreement လက်မှတ်ရေးထိုးခြင်းအား ၂၀၁၆ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့ နံနက်(၈း၃၀)နာရီတွင် ရန်ကုန်မြို့ရှိအကောက်ခွန်ဦးစီးဌာန ရုံးချုပ်တွင်ကျင်းပြုလုပ်ခဲ့ရာ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့်ညွှန်ကြားရေးမှူးများ၊ ဂျပန်အကောက်ခွန် ၊ NACCS Center နှင့် NTT-Data တို့မှတာဝန်ရှိသူများတက်ရောက်ကြသည်။ MACCS မူပိုင်ခွင့်(Copy Right)ဆိုင်ရာသဘောတူစာချုပ်အား အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့် ဂျပန်အကောက်ခွန် ၊ NACCS Center နှင့် NTT-Data တို့မှတာဝန်ရှိသူများကလက်မှတ်ရေးထိုးခဲ့ကြပြီးလက်မှတ်ရေးထိုးပွဲအားနံနက် (၉)နာရီတွင်ပြီးဆုံးခဲ့သည်။ မူပိုင်ခွင့်(Copy Right)ဆိုင်ရာသဘောတူညီချက်အရ MACCS စနစ်အား ဌာန၏သဘောတူညီချက်မရှိပဲ အခြား နေရာသို့(ပြည်တွင်း/ပြည်ပ) လွဲပြောင်းပေးခြင်း၊ရောင်းချခြင်းမပြုရပဲ MACCSစနစ်အားအကောက်ခွန်ဦးစီးဌာနမှ မူပိုင်ခွင့်ရရှိသည်။