"Training Course of MACCS for Customs Officials "သင်တန်းဆင်း

အကောက်ခွန်ဦးစီးဌာနတွင်အကောင်အထည်ဖေါ်နေသည့် MACCS စနစ်အားအသုံးပြုမည့်အကောက်ခွန်ဝန်ထမ်း်များအတွက်ဇူလိုင်လ(၁၁)ရက်နေ့တွင်ဖွင့်လှစ်ခဲ့သော"Training Course of MACCS (Myanmar Automated Cargo Clearance System) Users for Customs Officials" သင်တန်းဆင်းပွဲ အား သြဂုတ်လ (၁၆) ရက်နေ့မနက်(၉းဝ၀)နာရီတွင် ရန်ကုန်မြို့ရှိ အကောက်ခွန် သင်တန်းကျောင်း၌ပြုလုပ်ခ ဲ့သည်။ သင်တန်းအား (၁၁.၇.၂၀၁၆)ရက်နေ့မှ (၂၃.၇.၂၀၁၆)ရက်နေ့အထိ စာတွေ့လက်တွေ့များရှင်းလင်းဆွေးနွေးခဲ့ပြီး (၂၇-၂၈.၇.၂၀၁၆)နှင့်(၁၂.၈.၂၀၁၆)ရက်များတွင် Group Discussion အစီအစဉ်များဆောင်ရွက်ခဲ့ပြီး Japan Customs, Japan Expert များပါဝင်ဆွေးနွေးခဲ့ကြသည်။ သင်တန်းဆင်းပွဲသို့ ၊မြန်မာအကောက်ခွန်ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ JICA Long Term Expert Japan Customs Expert များမြန်မာနိုင်ငံအကောက်ခွန် ဝန်ဆောင်မှု အသင်းမှ တာဝန်ရှိသူများ နှင့် သင်တန်းသားများ တက် ရောက်ကြသည်။