MACCS စနစ်အသုံးပြုမည့်သူများ အတွက်User Registration ဆောင်ရွက်ပေးခဲ့မှုအခြေအနေ

MACCS စနစ်အသုံးပြုမည့်သူများ(Private Sector)အတွက် User Registration များကို အကောက်ခွန်ဦးစီးဌာနရုံးချုပ်၊ ကုန်ပစ္စည်းအလိုအလျောက်ရှင်းလင်းရေးနှင့် ထိန်းချုပ်ရေး ဌာနခွဲ(MACCS ဌာနခွဲ)၌ ၂၀၁၆ ခုနှစ် ဧပြီ လ (၁)ရက်နေ့ မှ ဇွန် လ (၃၀)ရက်နေ့အထိ ဆောင်ရွက်ပေးခဲ့ရာ Customs Brocker (၇၂၉)ဦး၊Importer/Exporter (၇၉၆)ဦး၊ Freight Forwarder (၁၂၆)ဦး ၊ Warehouse /Container Yard (၃၁)ဦး ၊Airline/Shipping Line Agency(၇)ဦး၊ OGAs(၃၁)ဦးစုစုပေါင်း (၁၇၂၀)ဦး က Terminal(၂၆၉၄)ခု၊ Client Certificate (၁၆၀၄)ခု အတွက် User Registration များဆောင်ရွက်ခဲ့ကြသည်။ User Registrationဆောင်ရွက်ပြီးသော User များအတွက် စနစ်တွင်ထည့်သွင်းခြင်း UR Setting လုပ်ငန်းများဆောင်ရွက်နိုင်ရန် User Registrationကို ၂၀၁၆ ဇွန် လ (၃၀)ရက်နေ့တွင် ခေတ္တ ရပ်ဆိုင်းခဲ့သော်လည်း Exporter/ Importer များအတွက် IE Code ထုတ်ပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးနေပါသည်။User Registration လုပ်ငန်းများကို ၂၀၁၆ခုနှစ် သြဂုတ် လ အတွင်းပြန်လည်ဆောင် ရွက်ပေးမည်ဖြစ်သည်။