MACCS စနစ်အတွက် "Training Course For MACCS Users" သင်တန်းဆင်းပွဲကျင်းပခြင်း

အကောက်ခွန်ဦးစီးဌာနတွင်အကောင်အထည်ဖေါ်နေသည့် MACCS စနစ်သည် အကောက်ခွန်လုပ်ငန်းများကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေး၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ National Single Window (NSW) အထောက်အကူပြုစနစ်ဖြစ်ရုံသာမက အကောက်ခွန်ဦးစီးဌာန၏ ပြောင်းလဲမှုတစ်ရပ် ဖြစ်သည်။ MACCS စနစ်အတွက် "Training Course For MACCS Users" သင်တန်းဆင်းပွဲ အား ဇွန် လ (၂၇) ရက်နေ့မနက်(၉း၃၀)နာရီတွင် ရန်ကုန်မြို့ရှိ အကောက်ခွန် သင်တန်းကျောင်း ၌ ပြုလုပ် ခဲ့သည်။ (၂.၅.၂၀၁၆) ရက်နေ့မှ (၂၄.၆.၂၀၁၆) ရက်နေ့ထိ အမှတ်စဉ် (၁) မှ (၈) အား ဖွင့်လှစ်ပြီး OGA (Other Government Agency) မှ (၇၄) ဦးအပါအဝင် သင်တန်းသား (၈၄၄)ဦး တက်ရောက် ခဲ့သည်။သင်တန်းတွင် စာတွေ့အပြင် PTSW လက်တွေ့လေ့ကျင့်မှုများပါ ဆောင်ရွက်ပေးခဲ့သည်။ သင်တန်းဆင်းပွဲသို့ ၊မြန်မာအကောက်ခွန်ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန် ရှိသူများ၊ JICA ၊ဂျပန်အကောက်ခွန်နှင့် NTTdata မှ ပညာရှင်များ၊ ၊ JICA Long Term Expert အဖွဲ့ဝင်များ၊ OGAs များမှတာဝန်ရှိသူများ၊ UMFCCI ၊ MIFFA နှင့် မြန်မာနိုင်ငံ အကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ နှင့် သင်တန်းသားများ တက် ရောက်ကြသည်။