ဂျပန်နိုင်ငံ၏ NACCS စနစ်အား မြန်မာ့အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့် အဖွဲ့သွားရောက်လေ့လာခြင်း

ဂျပန်နိုင်ငံ၏ဂျပန်အကောက်ခွန်၏ဖိတ်ကြားချက်အရ NACCS စနစ်အား မြန်မာ့အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သောအဖွဲ့ဝင် (၆)ဦးတို့သည် ဂျပန်နိုင်ငံ၏ NACCS စနစ်အားလေ့လာရန် ယမန်နေ့ ည ကလေကြောင်းခရီးဖြင့်ဂျပန်နိုင်ငံသို့ထွက်ခွာခဲ့သည်။ မြန်မာ့အကောက်ခွန်ညွှန်ကြားရေးမှူးချုပ်၏ NACCS လေ့လာရေးခရီးစဉ်သည် မြန်မာနိုင်ငံတွင် အကောင်အထည်ဖေါ်နေသော MACCS စနစ်အတွက်အထောက်အကူပြုသည့်ခရီးစဉ်ဖြစ်သကဲ့သို့ မြန်မာ-ဂျပန် နှစ်နိုင်ငံအကောက်ခွန် ချစ်ကြည်ရေးခရီးစဉ်လည်းဖြစ်ပါသည်။ MACCS စနစ်အောင်မြင်ရေးအတွက် အရေးပါသည့်အပြင် မြန်မာ ဂျပန်အပြန်အလှန် နားလည်မှု ချစ်ကြည်ရင်းနှီးမှုအတွက် အထောက်အကူပြုမည့် ခရီးစဉ်လည်းဖြစ်ပါသည်။ ဂျပန်အကောက်ခွန်မှ ညွှန်ကြားရေးမှူးချုပ် သည်လည်းမြန်မာနိုင်ငံသို့လာရောက်ရန်ရှိကြောင်းသိရှိရသည်။