“Seminar for Myanmar on Customs Clearance System in Japan”အားပုဂ္ဂလိကကဏ္ဍမှအဖွဲ့များ တက်ရောက်ခဲ့ခြင်း

မြန်မာနိုင်ငံတွင်အကောက်ခွန်ဦးစီးဌာနအနေဖြင့်နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ်(NSW)ကိုအထောက်အပံ့ပြုနိုင်မည့် MACCS စနစ်ကို ဂျပန်နိုင်ငံ၏ဘဏ္ဍာရေးအကူအညီနှင့် ဂျပန်အကောက်ခွန်တို့၏ နည်းပညာအကူအညီ တို့ဖြင့်အကောင်အထည်ဖေါ်ဆောင်ရေးတွင် အထောက်အကူပြုစေရန် JACA နှင့် Japan Customs တို့၏ပံ့ပိုးမှုဖြင့်“Seminar for Myanmar on Customs Clearance System in Japan”အား ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့ရာပုဂ္ဂလိကကဏ္ဍဖြစ်ကြသော UMFCCI၊ MIFA၊ MCBA၊ Shipping and Air Line Company ၊ Container Yard Operator ၊ Air and Sea Port Warehouses၊ Thilawar SEZ တို့မှ အဖွဲ့ဝင်(၁၈)ဦးနှင့် မြန်မာ့အကောက်ခွန်မှ (၂)ဦး စုစုပေါင်း(၂၀)ဦးသည် ၂၀၁၆ဇွန် (၅)ရက်မှ(၁၀) ရက်ထိ တက်ရောက်ခဲ့ကြသည်။