MACCS စနစ်အတွက် "Training Course For MACCS Users" သင်တန်းအမှတ်စဉ်(၆)ဖွင့်လှစ်ခဲ့ခြင်း

အကောက်ခွန်ဦးစီးဌာနတွင်အကောင်အထည်ဖေါ်နေသည့် MACCS စနစ်အတွက် "Training Course For MACCS Users" သင်တန်းအမှတ်စဉ်(၆) အား ဇွန် လ (၆) ရက်မှ(၁၀)ရက်ထိ ရန်ကုန်မြို့ရှိ အကောက်ခွန်သင်တန်းကျောင်းသင်တန်းခန်းမ၌ဖွင့်လှစ်သင်ကြားခဲ့ရာ အခြားအစိုးရဌာနများမှ သင်တန်းသားများနှင့်ပုဂ္ဂလိက ကဏ္ဍ မှအကောက်ခွန်ဆိုင်ရာ ဝန်ဆောင်မှုပေးသူ သင်တန်းသားများ စုစုပေါင်း(၁၁၀)ဦးတက်ရောက်ခဲ့သည်။ "Training Course For MACCS Users" သင်တန်းကို ပုဂ္ဂလိကကဏ္ဍအတွက်အကောက်ခွန်ဆိုင်ရာဝန်ဆောင်မှုပေးသူများကို အဓိကဦးတည်၍ သင်တန်းအ မှတ်စဉ်(၆)ခုဖွင့်လှစ်ပြီးဖြစ်၍သင်တန်းတက်ရောက်ပြီးသူပေါင်း(၇၃၉)ဦးရှိပြီဖြစ်ပါသည်။ သင်တန်း အ မှတ်စဉ်(၇)အား ဇွန်လ (၁၃)ရက်မှ(၁၇)ရက် ထိဖွင့်လှစ်မည်ဖြစ်ပြီးသင်တန်းများကိုဇွန်လ အတွင်းစဉ်ဆက်မပြတ်ဖွင့်လှစ်သွားမည်ဖြစ်သည်။ PTSW(Private Terminal Software) Training အမှတ်စဉ်(၃)အား ဇွန်လ (၉) ရက်နေ့တွင် ဖွင့်လှစ် ခဲ့ပြီး အမှတ်စဉ်(၄)အား ဇွန်လ (၁၄) ရက်နေ့တွင်လည်းကောင်းအမှတ်စဉ်(၅)အား ဇွန်လ (၁၅) ရက်နေ့တွင် လည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်သည်။