MACCS စနစ်အသုံးပြုမည့်သူများ အတွက်User Registration ဆောင်ရွက်ပေးမှုအခြေအနေ

MACCS စနစ်အသုံးပြုမည့်သူများ(Private Sector)အတွက် User Registration များကို အကောက်ခွန်ဦးစီးဌာနရုံးချုပ်၊ ကုန်ပစ္စည်းအလိုအလျောက်ရှင်းလင်းရေးနှင့် ထိန်းချုပ်ရေး ဌာနခွဲ(MACCS ဌာနခွဲ)၌ ၂၀၁၆ ခုနှစ် ဧပြီ လ (၁)ရက်နေ့ မှ စတင် ဆောင်ရွက်ပေးခဲ့ပါသည်။ မေလ (၁)ရက်နေ့ မှ (၃၀)ရက်နေ့အထိ CustomsBrocker (၂၃၂)ဦး၊Importer/Exporter (၁၅၁)ဦး၊ Freight Forwarder (၃၄)ဦး ၊ Wareouse /Container Yard (၄)ဦး ၊OGAs(၁၃)ဦး စုစုပေါင်း (၄၃၄)ဦး က Terminal(၆၄၁)ခု၊ Certificate Authority(၃၄၈)ခု အတွက် User Registration များဆောင်ရွက်ခဲ့ကြသည်။ User Registration စတင်ချိန် ဧပြီလ (၁)ရက်နေ့ မှ မေလ(၃၀)ရက်နေ့အထိ CustomsBrocker (၅၇၅)ဦး၊Importer/Exporter (၂၀ဝ)ဦး၊ Freight Forwarder (၈၀)ဦး ၊ Wareouse /Container Yard (၇)ဦး ၊OGAs(၁၅)ဦး စုစုပေါင်း (၈၇၇)ဦး က Terminal(၁၃၆၀)ခု၊ Certificate Authority(၇၅၂)ခု အတွက် User Registration များဆောင်ရွက်ခဲ့ကြသည်။ User Registration ဆောင်ရွက်မှုကို ၂၀၁၆ ဇွန် လ (၃၀)ရက်နေ့အထိ (အစိုးရရုံးပိတ်ရက် နေ့များမှအပ) ရုံးချိန် အတွင်းဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်သည်။