MACCS၏ PTSW(Private Terminal Software) Training အမှတ်စဉ်(၁)..သင်တန်းဖွင့်လှစ်သင်ကြားခြင်း

MACCS စနစ် "Training Course For MACCS Users"သင်တန်းအမှတ်စဉ်(၁)သို့သင်တန်း တက်ရောက်ပြီးသူများ အတွက် MACCS ၏ PTSW(Private Terminal Software) Training အမှတ်စဉ်(၁) အား မေ လ (၂၆) ရက်နေ့က UMFCCI သင်တန်းခန်းမ (၂)၌ မနက်ပိုင်းတန်းခွဲနှင့် နေ့လည်ပိုင်းတန်းခွဲ တန်းခွဲ(၂)ခုဖြင့် ပြုလုပ်ခဲ့ရာ သင်တန်းသား(၉၅)ဦးတက်ရောက်ခဲ့သည်။ သင်တန်းတွင် PTSW(Private Terminal Software)အားအသုံးပြုပုံများ PTSW ကိုအသုံးပြု၍ Import Export Declaration ဆောင်ရွက်မှုများကို အကောက်ခွန်အရာရှိများမှဆွေးနွေးပို့ချခဲ့ပြီး သင်တန်းသို့ JICA Expert ၊ Japan Customs ၊ NTT Data Japan နှင့် NTT-Myanmar မှ တာဝန်ရှိသူများတက်ရောက်၍ပံပိုးဆောင်ရွက်ပေးခဲ့သည်။ PTSW(Private Terminal Software) Training အမှတ်စဉ်(၂)အား ဇွန်လ (၂) ရက်နေ့တွင် ဖွင့်လှစ် မည်ဖြစ်ပြီး အမှတ်စဉ်(၈)အထိဖွင့်လှစ်သွားမည်ဖြစ်သည်။