MACCS စနစ်အတွက် "Training Course For MACCS Users" သင်တန်းအမှတ်စဉ်(၂)ဖွင့်လှစ်ခြင်း

အကောက်ခွန်ဦးစီးဌာနတွင်အကောင်အထည်ဖေါ်နေသည့် MACCS စနစ်အတွက် "Training Course For MACCS Users" သင်တန်းအမှတ်စဉ်(၂) အား မေ လ (၉) ရက်မှ(၁၃)ရက်ထိ ရန်ကုန်မြို့ရှိ အကောက်ခွန်သင်တန်းကျောင်းသင်တန်းခန်းမ၌ဖွင့်လှစ်သင်ကြားလျှက်ရှိရာ အခြားအစိုးရဌာနများမှ သင်တန်းသားများနှင့်ပုဂ္ဂလိက ကဏ္ဍ မှအကောက်ခွန်ဆိုင်ရာ ဝန်ဆောင်မှုပေးသူ သင်တန်းသားများ စုစုပေါင်း(၁၀၅)ဦးတက်ရောက်လျှက်ရှိသည်။သင်တန်းအမှတ်စဉ်(၃)အား မေလ (၁၆)ရက်မှ(၂၀)ရက် ထိဖွင့်လှစ်မည်ဖြစ်သည်။"Training Course For MACCS Users" သင်တန်းကို ပုဂ္ဂလိက ကဏ္ဍအတွက်အကောက်ခွန်ဆိုင်ရာဝန်ဆောင်မှုပေးသူများကိုအဓိကဦးတည်၍သင်တန်းသားဦးရေ(၈၀ဝ)လျာထားလျှက် သင်တန်း(၁)ခုလျှင် သင်တန်းသားဦးရေ(၁၀ဝ)ဖြင့် သင်တန်းအပတ်စဉ်(၈)ခုအား မေလမှဇွန်လ အတွင်း စဉ်ဆက်မပြတ်ဖွင့်လှစ်သွားမည်ဖြစ်သည်။ အလားတူအကောက်ခွန်အရာရှိများ အတွက်သင်တန်းများကိုလည်း ၂၀၁၆ ခုနှစ်ဇူလိုင်လအတွင်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။