MACCS စနစ်အသုံးပြုမည့်သူများ အတွက်User Registration ဆောင်ရွ က်ပေးမှုအခြေအနေ

MACCS စနစ်အသုံးပြုမည့်သူများ(Private Sector)အတွက် User Registration များကို အကောက်ခွန်ဦးစီးဌာနရုံးချုပ်၊ ကုန်ပစ္စည်းအလိုအလျောက်ရှင်းလင်းရေးနှင့် ထိန်းချုပ်ရေး ဌာနခွဲ(MACCS ဌာနခွဲ)၌ ၂၀၁၆ ခုနှစ် ဧပြီ လ (၁)ရက်နေ့ မှ စတင် ဆောင်ရွက်ပေးခဲ့ရာ ဧပြီလ(၂၉)ရက်နေ့အထိCustomsBrocker (၃၄၃)ဦး၊Importer/Exporter (၄၉)ဦး၊ Freight Forwarder (၄၆)ဦး ၊ Wareouse /Container Yard (၃)ဦး ၊OGAs(၂)ဦး၊ စုစုပေါင်း (၄၄၃)ဦး က Terminal(၇၁၉)ခု၊ Certificate Authority(၄၀၄)ခု အတွက် User Registration များဆောင်ရွက်ခဲ့ကြသည်။ User Registration ဆောင်ရွက်မှုကို ၂၀၁၆ ဇွန် လ (၃၀)ရက်နေ့အထိ (အစိုးရရုံးပိတ်ရက် နေ့များမှအပ) ရုံးချိန် အတွင်းဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်သည်။