MACCS/MCIS Software လက်တွေ့သရုပ်ပြလေ့ကျင့်မှု ကို MICTpark ရှိ NTT-Myanmar ရုံးတွင် (၄) ရက်ကြာပြုလုပ်ခဲ့

MACCS/MCIS Software လက်တွေ့သရုပ်ပြလေ့ကျင့်မှု ကို MICTpark ရှိ NTT-Myanmar ရုံးတွင် (၄) ရက်ကြာပြုလုပ်ခဲ့ အကောက်ခွန်ဦးစီးဌာနတွင်အကောင်အထည်ဖေါ်နေသော MACCS/MCIS အတွက် Software လက်တွေ့သရုပ်ပြလေ့ကျင့်မှု အား MICT Park ရှိ NTT-Myanmar ရုံးတွင် ဧပြီလ (၂၆)ရက်မှ (၂၉)ရက်ထိတရက်လျှင်(၂၀)ဦးဖြင့်ဆောင်ရွက်ခဲ့ရာ အကောက်ခွန်ဝန်ထမ်း(၆၀)ဦးနှင့် MACCS ကိုချိတ်ဆက်မည့်အခြားအစိုးရအဖွဲ့အစည်းများမှဝန်ထမ်း (၂၀)ဦး၊ စုစုပေါင်း (၈၀)ဦး တက်ရောက်ကာ Software လက်တွေ့သရုပ်ပြလေ့ကျင့်မှုအားဆောင်ရွက်ခဲ့ကြသည်။သရုပ်ပြလေ့ကျင့်မှုအား JACA မှတာဝန်ရှိသူများ၊ဂျပန် အကောက်ခွန်မှတာဝန်ရှိသူများဂျပန်နိုင်ငံ NACCS Center မှတာဝန်ရှိသူများကလာရောက်ကြည့်ရှုခဲ့ကြသည်။